နတ်မောက် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိတ်ဓါတ်ဖြူစင်ကရုဏာရှင်လူမှုကူညီရေးအသင်းနှင့် မေတ္တာမီးအိမ် ပရဟိတအသင်းတို့ပူးပေါင်းပြီး ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် က နတ်မောက်မြို့နယ်၊ ဝါးရုံကုန်းကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ အိမ်ထောင်စု(၂၀)စု အား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အခြေခံလူတန်းစားအိမ်ထောင်စု (၂၀)စုအား တစ်အိမ်ထောင်လျှင် ဆန် (၃)ပြည်၊ ဆီ (၁) ပိဿာနှုန်းဖြင့် နတ်မောက်မြို့နယ် စိတ်ဓါတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းနှင့် မေတ္တာမီးအိမ်ပရဟိတအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်(နတ်မောက်)