(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

ကျောင်းကုန်း   ဒီဇင်ဘာ   ၂၂

၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က စုရပ်အသီးသီး၌ ကျင်းပခဲ့ကြသည်။

အထက်တန်းဆင့် လွန်ဆွဲပြိုင်ပွဲကို အစုကြီးအခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါင့်ကြီးအခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ အလယ်တန်းဆင့် ထုပ်ဆီးတိုး ပြိုင်ပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊  မူလတန်းဆင့် မီတာ(၅၀)၊   ပူစီပေါင်းဖောက်၊  အာလူးကောက်နှင့် ဂုန်နီအိတ်စွပ် အားကစားပြိုင်ပွဲကို (မြို့မ) အခြေခံပညာမူလတန်း ကျောင်းတွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)