သတင်းများ

ဝေးလံသည့်ကျေးရွာများအထိ ကာကွယ်ဆေးမထိုးရသေးသည့်ပြည်သူများကို ပဥ္စမအသုတ် ပထမအကြိမ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂၇၅၀)ဦး ထိုးနှံပေးခဲ့
Dec 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးဝန်းကျင်ကျေးရွာများနှင့် ဝေးလံသည့်ကျေးရွာများအထိ ကာကွယ်ဆေး မထိုးရသေးသည့်ပြည်သူများကို ပဥ္စမအသုတ်ပထမအကြိမ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂၇၅၀)ဦး ထိုးနှံပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အဘိဓမ္မဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Dec 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က အဘိဓမ္မဝိသုဒ္ဓိမဂ် စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အမှတ် (၁၄)ရပ်ကွက် မိုးကောင်း ဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့၌ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Dec 22,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ဘုရားသုံးဆူမြို့ မီးသတ်ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်နှင့် လူစည်ကားရာနေရာများတွင် မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေး အကြောင်းအရာများအား ယမန်နေ့ညနေ ၅ နာရီအချိန်၌ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မသန်စွမ်းသူတို့ဝိုင်းကူ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်
Dec 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူတို့ ဝိုင်းကူခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်္ဂလာ တောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရိုက်ကူးခဲ့ပြီး Online မှ တစ်ဆင့် ထုတ်လွှင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်းဆောင်ရွက်
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာရေးဆရာဖေမြင့် ရေးသားသော “‌‌အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ် ဝိုင်း‌ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြိတ်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ  ပြေးခုန်ပစ် ပြိုင်ပွဲ ကျင်းပ
Dec 22,2021
တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် Township Spors Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲပြုလုပ်
Dec 22,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်
Dec 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြော ပွဲကို ယမန်နေ့နေ့လယ် ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။