သုံးခွ ဒီဇင်ဘာ ၂၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်သည်။
ကျွန်တော်အမည်ကတော့ ကိုအောင်ကိုလတ် ဖြစ်ပါတယ်။ သုံးခွမြို့နယ် ကျွဲတဲ ကုန်းကျေးရွာမှာ နေပါတယ်။ ကျွန်တော်က ဇူလိုင်(၁၁)ရက်နေ့မှာ စပြီးဖျားချင် သလိုဖြစ်တယ်။ ချောင်းအနဲငယ်ဆိုးလာတယ်။
တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲလာပြီး ခြေကုန်လက်ပန်းကျသလိုခံစားရတယ်၊ ကိုယ့်ကိုကိုယ် သံသယရှိလာတာပေါ့ ဒီရောဂါများဖြစ် မလားပေါ့နော်။ ဇူလိုင် (၁၃)ရက်နေ့ကြတော့ ကျွန်တော်ထင်တဲ့အတိုင်းပဲ အနံ့စပျောက်သွားတယ်။ ဒါ့ကြောင့် နီးစပ်ရာကျန်း မာရေးဌာနမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိ/မရှိ စစ်ဆေး တော့ ကျွန်တော့မှ ကိုဗစ်ပိုးရှိကြောင်း သိရပါတယ်။ ရောဂါတွေ့ရှိတဲ့အခါမှာ မိသားစု နဲ့ ခွဲနေပါတယ်။
ကျွန်တော်ပြသတဲ့ ဆရာဝန်မှာကြားသည့်အတိုင်း အချိန်မှန်မှန် ဆေးသောက်တယ်၊ အာဟာရပြည့်ဝသော အစားအစာများကို အရသာရှိရှိ၊ မရှိရှိ အာဟာရပြည့်အောင် စားပြီးအိပ် ရေးဝဝအိပ်ပါတယ်၊ အစားအသောက် စားချင်စိတ် လုံးဝမရှိပါဘူး။ ဒါပေမဲ့ အာဟာရပြည့်ဝမှ ကျန်းမာတာဖြစ်သောကြောင့် အာဟာရပြည့်ဝအောင် စားသောက် ခဲ့ပါတယ်။ ဇူလိုင် (၁၉)ရက်နေ့လောက်မှာ အနံ့ပြန်ရခဲ့ပါတယ်။
ဒါ့ကြောင့် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါ၊ အပြင်ထွက်တိုင်း Mask တပ်ဖို့၊
မဖြစ်မနေ အပြင်သွားရပါက ကျန်းမာရေးဌာနက လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ကြဖို့၊ ကိုယ်ခံအားကောင်းအောင် အာဟာရဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြပါ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများ ကိုလည်း ကာကွယ်ဆေး ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။
မြို့နယ် ပြန်/ဆက်