ရမည်းသင်း ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ စည်ပင်သာယာပိုင်ရွာတန်း တိုက်နယ်ဈေးကြီးတွင် ပွင့်လင်းရာသီရောက်ရှိသဖြင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပွဲတွင် ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းက မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်နှင့် လောင်စာဆီ မီးလောင်ခြင်းကို မီးသတ်ဆေးဘူးဖြင့် လက်တွေ့ ငြှိမ်းသတ်ခြင်းကို သရုပ်ပြသကာ ဈေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးနှင့် ဈေးသည် တစ်ဦးတို့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်၍ လက်တွေ့ သရုပ်ပြသ အသိပညာပေး ဆောင်ရွက်ခဲ့ရာ ဈေးသူ/သားများနှင့် ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာတန်းကျေးရွာ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့မှ မီးငြှိမ်းသတ်ယာဉ်ဖြင့် ရွာတန်းဈေးကြီးအတွင်း မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြခဲ့ကြောင်း သတင်းရရှိ သည်။
ဇော်ဝင်းအာင် (ခရိုင်ပြန်/ဆက်)