သတင်းများ

အမာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့​ကြောင်းသိရသည်။
မုဒုံမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေး အားကစားဆိုင်ရာ အသိပညာပေး ဟောပြော သရုပ်ပြ
Dec 22,2021
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ် ရည်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး အားကစားနည်းများ သရုပ်ပြသခဲ့သည်။
သရက်မြို့ရှိ စည်ပင်သာယာမြို့မဈေး၌ မီးသတ်တပ်ဖွဲ့နှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်
Dec 22,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်မီးတပ်ဖွဲ့ဝင်များနှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နေ့လည် ၃ နာရီက မြို့မဈေးတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ ဈေးသူ၊ ဈေသားများ တက်ရောက်ကြသည်။
(၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ အရုပ်ဆက်နည်း ပြိုင်ပွဲကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြို ပြည်သူ့စာကြည့်တိုက် ခလေးစာဖတ်ခန်း၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူလေးများ ဉာဏ်ရည်ထက်မြက်လာ စေရန်ရည်ရွယ်၍ အရုပ်ဆက်နည်း အားကစားပြိုင်ပွဲ ကျင်းပခဲ့သည်။
မုဒုံမြို့နယ် ကမာဝက်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်
Dec 22,2021
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ပဥ္စလနဂိုလ် စျေးကြီးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ဒီပဲယင်းမြို့နယ်၌ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Dec 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၌ မိုးစပါး (၀,၁၀) ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ရွာရှည်ကျေးရွာအုပ်စု ကံပြားကျေးရွာ ကွင်းအမှတ်(၂၀၃၈) ဦးပိုင်အမှတ်(၁၀) တောင်သူ ဦးတင်ကျော်၏ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) မျိုးစေ့ထုတ်စိုက်ခင်း (၈,၀၀)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့်ဟောပြောပွဲကျင်းပ
Dec 22,2021
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲကျင်းပခြင်းကို ယနေ့ နံနက် ၁၀နာရီက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကံကော်ခန်းမ၌ ကျင်းပခဲ့ သည်။
နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ယမန်နေ့က ဝါးရှိကျေးရွာအုပ်စု၊ ဝါးရှိကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ စာသင်ကျောင်းများဖွင့်လှစ်မှုအခြေအနေများ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့သည်။