ပေါင် ဩဂုတ် ၂၆
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ညနေ ၄နာရီခွဲခန့်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ တောင်တက်လမ်းသစ် ကွန်ကရစ်မြေသား ၁၅ပေခန့်ကွဲအက်သွားကြောင်း သိရသည်။
အဆိုပါ ဇင်းကျိုက်တောင်တက်လမ်းသစ် စမ်းနှစ်ခွဘုန်းကြီးကျောင်းအလွန်တွင် ကွန်ဂရစ်အောက် မြေသား ၂၀ ပေခန့်ပြိုကျခဲ့ပြီး ကွန်ကရစ်လမ်းမှာလည်း ၁၅ပေခန့် ကွဲအက်သွားသဖြင့် ကွန်ကရစ်လမ်း ကြံ့ခိုင်မှုရှိ/မရှိ၊ ပြည်သူများသွားလာမှု အဆင်ပြေစေရေး တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်