ကျုံပျော်တွင် အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံ‌ပေး

ကျုံပျော်   ဩဂုတ်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထိုးနှံရာတွင် လူဦးရေထူထပ်သော မြို့ပေါ်ရပ်ကွက်များအား ဦးစားပေးအဖြစ် စတင်ထိုးနှံပြီး၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ အောင်ဆန်းရပ်ကွက်နှင့် တေဇရပ်ကွက်မှ ဘိုးဘွားများကို လည်းကောင်း၊  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပင်လုံရပ်ကွက်နှင့် မြဝတီရပ်ကွက်မှ ဘိုးဘွားများကိုလည်းကောင်း ဆေးထိုးစုရပ် (၂)ခု ခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် မြို့နယ်ကာကွယ်ဆေးထိုး စိစစ်ကြီးကြပ်ရေး အဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်‌ပေးလျက်ရှိပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များကလည်း ဆေးထိုးနှံနေမှုများကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇူလိုင် ၂၉ ရက်မှ ဩဂုတ်လ တတိယပတ် အထိ  ဆေးအလုံးရေ (၇၃၀၀)ကို လူပေါင်း (၁၄၆၀၀) ဦးအား ပထမအကြိမ်အဖြစ် ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)