ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ကယ်ဆယ် ကူညီနိုင်ရန်   Heavy Rescue & Towing Vechicale   ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် လက်တွေ့သင်ကြားလေ့ကျင့်

မြိတ်   ဩဂုတ်   ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယာဉ်တိုက်မှုများနှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ကယ်ဆယ်ကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြိတ်ခရိုင် မီးသတ်စခန်းတွင်ရှိသည့် ပိုလန်နိုင်ငံထုတ် HRT Heavy Rescue & Towing Vehicle ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းက လက်တွေ့ သင်ကြားလေ့ကျင့်ခဲ့သည်။‌

“ယာဉ်တိုက်မှု ယာဉ်တိမ်းမှောက်မှုနဲ့ ယာဉ်မတော်မဆမှုတွေ ဖြစ်တဲ့အခါ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်တဲ့အခါ တိမ်းမှောက်နေတဲ့ယာဉ်တွေ စောင်းနေတဲ့ယာဉ်တွေကို ပြန်လည် တည့်မတ်ပြီး လိုအပ်တဲ့နေရာကို ဆွဲယူပို့ပေးနိုင်ဖို့ သင်ကြားလေ့ကျင့်ပေးတာဖြစ်ပါတယ် ” ဟု မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးက ပြောသည်။

HRT Heavy Rescue & Towing Vehicle ရှာဖွေကယ်ဆယ်ရေးယာဉ်တွင် ပါဝင်သည့် ပစ္စည်းများကို ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ကျွမ်းကျင်စွာ လက်တွေ့ဆောင်ရွက်နိုင်ရန် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူးမှ လက်တွေ့သင်ကြားလေ့ကျင့်ပေးသည်။ လေ့ကျင့်ရာတွင် ရှာဖွေကယ်ဆယ်ရေးယာဉ်တွင်ပါသည့် Crane အသုံးပြုနည်းနှင့် Towing အသုံးပြုနည်း လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး Lifting & towing ဆွဲမတင်ခြင်းနဲ့ ဆွဲခြင်းကို လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး