နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မြေပဲမျိုး(၂)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ပညာပေးကွင်းသရုပ် ပြပွဲကျင်းပ

နတ်မောက်  ဩဂုတ်   ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ရုံးဝန်းအတွင်းတွင် စိုက်ပျိုးထားသော မြေပဲ (၂) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်ခန့်က စိုက်ပျိုး ရေးဦးစီးဌာနရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် တောင်ထောင့်ကျေးရွာနှင့် ကုန်းဇောင်းကျေးရွာမှ  တောင်သူ(၂၀) ဦးအား ဒေသနှင့် ကိုက်ညီမှုရှိသော မြေပဲများ၏ အရည်အသွေး လက္ခဏာများကို တောင်သူများ လက်တွေ့လေ့လာသိရှိ ရွေး ချယ်နိုင်စေရန် ရည်ရွယ်၍ မြေပဲမျိုး (၂)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို တောင်သူများအား လက်တွေ့ ပညာပေးသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ချို ထံမှ သိရသည်။ 

သင်းသင်းဝေ (နတ်မောက်)