ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများ အရှိန်အဟုန်မပျက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ဒဂုံတောင် ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ ပေါင်းစပ်၍ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်လွဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်မှ ဌာနဆိုင်ရာလုပ်ငန်းများ သည် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်နေရသည်ဖြစ်ပြီး အစိုးရငယ်ဟုဆိုနိုင်ပါကြောင်း အောက်ခြေယန္တရား အ​ခြေခံကောင်းမွန်ရေး အရေးကြီးကြောင်း ပြည်သူလူထုအတွက် ဆောင်ရွက် နေရတာ ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းများ ကာကွယ်ဆေး ထိုးနှံပြီးမှုအခြေအနေများ အရေးပေါ်လူနာများ ကယ်ဆယ်ရေးလုပ်ငန်းများ ​တွေ့ကြုံရသည့် အခက်အခဲများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ရှေ့လုပ်ငန်းစဉ်များ ပြောကြားပြီး ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ နှင့် အခက်အခဲများ တင်ပြပေးကြရန်နှင့် အခက်အခဲများရှိလာပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရသည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး အထက်သို့ တင်ပြရန်လိုပါက အချိန်မီတင်ပြ၍ လမ်းညွှန်မှုခံယူ ဆောင်ရွက်မည်ဖြစ်ကြောင်းများ လမ်းညွှန်ဆွေးနွေးပြောကြားသည်။

ထိုနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းများ ဆောင်ရွက်နေမှု ​အခြေအနေ များအား တင်ပြဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေမျိုးအောင်က ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ပတ်ဝန်းကျင်မှ သတင်းများ ကြားသိပါက တင်ပြပေးကြရန် ယခု အချိန်တွင် ကောလဟလသတင်းများ များပြားနေပါသဖြင့် သတင်းမှန် သိရှိရေး ပူးပေါင်းဆောင်ရွက် ကြရန် စသ​ဖြင့် ပြောကြားခဲ့သည်။