မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်၊ ကြားအင်း​ကျေးရွာ ဗညားဒလ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတည်​ဆောက်ပြီးစီး​​နေမှုနှင့် မော်လမြိုင်နည်းပညာတက္ကသိုလ် ဘက်စုံသုံး အားကစားခန်းမ တည်​ဆောက်​နေမှုကြည့်ရှုစစ်​ဆေး

မော်လမြိုင် ဩဂုတ် ၂၇

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များသည် ယနေ့ နံနက် ၉ နာရီက  မော်လမြိုင်မြို့နယ်၊ ကြားအင်း​ကျေးရွာတွင်  ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့်   မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတက်​ရေးဦးစီးဌာနမှ  ကြီးကြပ်တည်​ဆောက်သည့်  ဗညားဒလ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း၌ (၄)ခန်းတွဲ၊ (၄) ထပ်တိုက် (၁၆) လုံးနှင့်အ​ခြေခံအ​ဆောက်အဦ လုပ်ငန်းများ တည်​ဆောက်​နေမှုနှင့် တည်ဆောက်ပြီးစီး​နေမှုများကို ကြည့်ရှုစစ်​ဆေးသည်။ 

ထို့နောက် ဗညားဒလတန်ဖိုးသင့်အိမ်ရာ စီမံကိန်းတည်​ဆောက်​နေမှု အ​ခြေအနေကို တာဝန်ရှိသူက ရှင်းလင်းတင်ပြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က  စီမံကိန်းအားအချိန်မီပြီးစီးတည်ဆောက်နိုင်​​ရေး၊ အိမ်ရာတိုက်ခန်းများကို  တန်ဖိုးသင့်နှုန်းထားဖြင့်  ​ရောင်းချနိုင်​ရေး၊ မီးဘေးအန္တရာယ် လုံခြုံ​ရေး စနစ်များထားရှိ​ရေး၊  အမှိုက်စွန့်ပစ်စနစ်များနှင့်  ​ရေစီး​ရေလာကောင်းမွန်စေ​ရေးတို့အတွက် အ​လေး ထား​ဆောင်ရွက်ကြရန် မှာကြားသည်။ 

အဆိုပါ ဗညားဒလတန်ဖိုးသင့်အိမ်ရာ စီမံကိန်းသည် ​မော်လမြိုင်မြို့နယ်၊ ကြာအင်း​ကျေးရွာ၊ မော်လမြိုင်- မုဒုံ လမ်းမကြီး၏ ညာဘက်ခြမ်းတွင်  တည်ရှိပြီး (၂၀၁၇- ၂၀၁၈)(၂၀၁၈-၂၀၁၉) ဘဏ္ဍာ​ရေးနှစ်များတွင်  ခွင့်ပြုရန်ပုံ​ငွေ စုစု​ပေါင်း​ငွေကျပ် ၅၁၆၈ ဒဿမ ၁၁ သန်းဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတက်​ရေးဦးစီဌာနမှ ကြီးကြပ်တည်​ဆောက်ကာ  (၄) ခန်းတွဲ၊   (၄) ထပ်တိုက်(၁၆)လုံး တွင်  စုစု​ပေါင်းအခန်း (၂၅၆) ခန်းပါရှိပြီး   အခန်းတစ်ခန်းလျှင် (၆၅၀) စတုရန်း​ပေ  ကျယ်ဝန်း၍  Master Bed Room (၁)ခန်း၊  အိပ်ခန်း (၁) ခန်း၊ ဧည့်ခန်းနှင့် မီးဖို​ခန်းများ ပါဝင်ကြောင်း၊  အိမ်ရာ တိုက်ခန်းများကို တန်ဖိုးသင့်နှုန်းထားဖြင့် ရောင်းချနိုင်​ရေး စီစဉ်​ဆောင်ရွက်ထားသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  မော်လမြိုင်နည်းပညာ တက္ကသိုလ်တွင်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ်၊ ခွင့်ပြုရန်ပုံ​ငွေကျပ် ၃၄၉ ဒဿမ ၅ သန်းဖြင့် စုန်​ရေကုမ္ပဏီလိမိတက်မှ တာဝန်ယူတည်​ဆောက်သည့်(၁၂၀ ပေ၊ ၉၀ ​ပေ) ဘက်စုံသုံး အားကစားခန်းမ တည်​ဆောက်​နေမှု အား ကြည့်ရှုစစ်​ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။