ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ကျေးရွာများတွင်ပါ နေရာခွဲ၍ ထိုးနှံပေး

အုတ်ဖို သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့မှ စတင်ကာ ကျေးရွာများတွင် ပါနေရာခွဲ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လူစုလူဝေးဖြစ်ကာ ဆေးထိုးလာသည့် ပြည်သူများ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရန် နေရာ(၁၀)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က  ဆရာတော်သံဃာတော်(၄)ဦး၊ အသက် (၆၅)နှစ်အထက် အဖိုးအဖွား(၂၈၅)ဦး၊ နိုင်ငံဝန်ထမ်း(၂)ဦး၊ ပရဟိတအဖွဲ့ဝင်(၂၅)ဦး၊ စျေးသူစျေးသား (၃၄)ဦးနှင့်  စက်ရုံအလုပ်ရုံ ဝန်ထမ်း(၁၂)ဦး စုစုပေါင်း(၃၆၂)ဦးအား ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကြီးကြပ် ထိုးနှံပေးခဲ့ကြောင်းနှင့် ယနေ့တွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ