ဘီးလင်းမြို့နယ်၌အသက် ၆၅နှစ် နှင့်အထက်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram)ထိုးနှံပေး

ဘီးလင်း သြဂုတ် ၂၈

သထုံခရိုင် ဘီးလင်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram)ကို ယမန်နေ့မှစတင်ကာ ဆေးထိုးစုရပ် ၅ နေရာထားရှိ၍ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံ၊ အောင်ဇေယျခန်းမ၊ တောင်စွန်းဓမ္မဒူတသာသနာ့ဗိမာန် ၊အထကဘီးလင်းကျောင်းတွင် ( ၂) နေရာတို့၌ ဆေးထိုးစုရပ် ၅ ခု ထားရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများက ဆေးထိုးနှံမည့်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ၊မရှိစစ်ဆေးမေးမြန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinophram)ဆေးတစ်လုံးလျှင် လူနှစ်ဦး ထိုးနှံနိုင်ပြီး နေ့စဉ်နံနက် ၈နာရီမှ ညနေ ၄ နာရီအထိ စုရပ်တစ်နေရာလျှင် ကိုဗစ် - ၁၉ ကာကွယ်ဆေးအလုံး ၁၀၀ နှုန်းဖြင့် နေ့စဉ် စုစုပေါင်း ကာကွယ်ဆေးအလုံး ၅၀၀ အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘီးလင်း (ပြန်\ဆက်)