ကျိုက်လတ်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျိုက်လတ်   သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အထက -၁၊ အထက -၃၊ ရုံးဒေါင့်ကျေးရွာ စုရပ်(၃)နေရာခွဲ၍ ဒုတိယအကြိမ်အဖြစ် အသက်(၆၅) နှစ်အထက် အဘိုးအဖွားများအား ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဇူလိုင်လ ၃၁ရက်နေ့က ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက် ၆၅နှစ် အထက် အဘိုးအဘွားများအား အထက-၁စုရပ်တွင် အဘိုးအဘွား(၁၅၀) ဦး၊ အထက-၃စုရပ်တွင် အဘိုးအဘွား( ၁၁၆)ဦး၊ ရုံးဒေါင့်ကျေးရွာတွင်(၇၂ ) ဦးအား နံနက်    နာရီမှ  ညနေ ၃  နာရီအတွင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးဌေးလှိုင်