စစ်ကိုင်း ဩဂုတ် ၂၈
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ တအိမ်တည်းကျေးရွာသို့ သွားရောက်၍ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများပြားနေသော လမ်း၊ ရပ်ကွက်၊ ကျေးရွာများကို ထပ်မံရွေးချယ်သက်မှတ်ပြီး ရောဂါကူးစက်မှုနှုန်း အမှန်တစ်ကယ် လျော့နည်းကျဆင်းသွားခြင်း ရှိ/ မရှိတို့ကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ရောဂါပိုးရှိ/ မရှိ စစ် ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာကုသရေးစင်တာများသို့ မဖြစ်မနေတက်ရောက် ကုသစေခြင်း၊ ပိုးတွေ့လူနာများနှင့် ထိစပ် သူများကိုလည်း Quarantine Center များသို့ပို့ဆောင် စေခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုပြုလုပ်ပြီး သက်မှတ်သည့် ရက်ပြည့်မှ သာ ပြန်လည်စေလွှတ်စေခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့်အညီ Stay at Home နေထိုင်ရန် မှာကြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးပေးရာသို့ စစ်ကိုင်းခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်