မိုးနဲ ဩဂုတ် ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ဆီဆုံ (အောင်သပြေ) ကျေးရွာအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာမြေငှားဂရန်ရရှိရေး စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံနှင့် ရပ်မိရပ်ဖများပါဝင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ နေအိမ်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျေးရွာမြေငှားဂရန် လျှောက်ထားနိုင်ရေးအတွက် မြေပြင်တည်ရှိမှု အခြေအနေ၊ မြေရာဇဝင်မှတ်တမ်းများ၊ မြေယာပိုင်ဆိုင်မှု အထောက်အထားများ၊ မြေပိုင်ဆိုင်မှုစာရင်း/ ဇယားများကို စနစ်တကျ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပြည့်စုံမှန်ကန်၊ ကိုက်ညီမှုရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ