မိုင်းယောင်း ဩဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီမှ စတင်၍ သက်ဆိုင်ရာ စုရပ်အသီးသီး၌ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် အ.ထ.က(မိုင်းယောင်း)စုရပ်၌ အမှတ်(၁)/ (၂)/ (၃)/ (၄)ရပ်ကွက်နှင့် ပါဟုတ်အုပ်စုမှ ပြည်သူ ၁၃၆ ဦးကိုလည်းကောင်း၊ အ.လ.က(တပ်တွင်း) ကျောင်းရှေ့ရှိ မြို့မအားကစားကွင်း၌ ဟောင်ကြန့်၊ မုန်းလိုက်နှင့် ဝမ်ကောင်းအုပ်စုရှိ ပြည်သူ ၈၅ ဦးကိုလည်းကောင်း၊ မိုင်းယုမြို့ မြို့မရပ်ကွက် ဘုန်းကြီးကျောင်း၌ မြို့မရပ်ကွက်၊ မိုင်းလွေ၊ ဒွန်းနွဲ့နှင့် တာကြန့်အုပ်စုမှ ပြည်သူ ၆၆ ဦးကိုလည်းကောင်း နေ့လည်ပိုင်းတွင် အ.ထ.က(မိုင်းယောင်း)စုရပ်၌ အမှတ်(၅)/ (၆)/ (၇)/ (၈)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်မှ ပြည်သူ ၁၃၄ ဦးကိုလည်းကောင်း၊ ဝမ်ပုံကျေးရွာ ဘုန်းကြီးကျောင်းစုရပ်၌ ဝမ်ဘိုး၊ ဝမ်တပ်နှင့် ဝမ်မန်းအုပ်စုမှ ပြည်သူ ၆၈ ဦးကိုလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။
ထို့နောက် ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် အ.ထ.က(မိုင်းယောင်း)စုရပ်၌ အမှတ်(၁)/ (၂)/ (၃)/(၄)ရပ်ကွက်နှင့် ပါဟုတ်အုပ်စုမှ ပြည်သူ ၁၀၃ ဦးကိုလည်းကောင်း၊ အ.လ.က(တပ်တွင်း) ကျောင်းရှေ့ရှိ မြို့မအားကစားကွင်း၌ ဟောင်ကြန့်၊ မုန်းလိုက်နှင့် ဝမ်ကောင်းအုပ်စုရှိ ပြည်သူ ၇၁ ဦးကိုလည်းကောင်း၊ မိုင်းယုမြို့ မြို့မရပ်ကွက် ဘုန်းကြီးကျောင်း၌ မြို့မရပ်ကွက်၊ မိုင်းလွေ၊ ဒွန်းနွဲ့နှင့် တာကြန့်အုပ်စုမှ ပြည်သူများကိုလည်းကောင်း နေ့လည်ပိုင်းတွင် အ.ထ.က(မိုင်းယောင်း)စုရပ်၌ အမှတ်(၅)/ (၆)/ (၇)/ (၈)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်မှ ပြည်သူ ၅၀ ဦးကိုလည်းကောင်း၊ ဝမ်ပုံကျေးရွာ ဘုန်းကြီးကျောင်းစုရပ်၌ ဝမ်ဘိုး၊ ဝမ်တပ်နှင့် ဝမ်မန်းအုပ်စုမှ ပြည်သူ၂၁ဦးကိုလည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအထိ ကာကွယ်ဆေးထိုးနှံမှု ကြီးကြပ်ရေးအဖွဲ့၊ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း များက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း