ပန်းတနော် သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ အခြေခံလူတန်းစားပြည်သူများအား ဆန်နှင့်ကြက်ဥများ၊ အသားများအား ယနေ့ နံနက်၈နာရီက စျေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်များ အတွင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆန်စက်လုပ်ငန်းရှင်များ၊ အလှူရှင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ဆင်းရဲနွမ်းပါးသော အခြေခံလူတန်းစားပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ ပြည် ၁၀၀၀ ကျပ်ဖြင့် ၂ ပြည်နှုန်း၊ ကြက်ဥ ၁ လုံးလျှင် ၁၀၀ ကျပ်ဖြင့် ၅ လုံးနှုန်း၊ ဝက်သား တစ်ဆယ်သားလျှင် ၈၀၀ကျပ်နှုန်း၊ အမဲသား တစ်ဆယ်သား ၁၀၀၀ ကျပ်နှုန်းဖြင့် ရပ်ကွက်များအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ဆန်အိတ် ၆၀၀ ၊ ကြက်ဥ ၃၆၀၀၀ လုံးအား ကနဦးရောင်ချပေးရန်စီစဉ်ထားကြောင်း သိရသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ အတွင်းရေးမှူး ရဲမှူးကျော်ဇင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇေယျာမြင့်၊ အဖွဲ့ဝင် (၂) ဦးသိန်းဝင်း၊အဖွဲ့ဝင် (၃) ဦးထင်ကျော်သူ၊ လဝကဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် Volunteer များက လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)