ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းအချိန်က ဩဂုတ်လအတွင်း ပထမအပါတ်မှစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပထမဦးစားပေးအဖြစ် ထိုးနှံခွင့်ရရှိသည့် မိဘပြည်သူများအား ဒုတိယအကြိမ်အဖြင့် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ဇမိခန်းမ အတွင်း၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ပထမဦးစားပေးထိုးနှံခွင့်ရှိသူ မိဘပြည်သူများအား ကာကွယ်ဆေးလက်ခံရှိမှု အပေါ်မူတည်၍ ဩဂုတ်လအတွင်း ပထမ အပါတ်၌ လူဦးရေ(၅၈၀)ဦးခန့် ထိုးနှံပေးနိုင်ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်မှ ဦးဆောင်စီမံကြီးကြပ်လျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူးနှင့် သူနာပြုဆရာ/ဆရာမများ ကျန်းမာရေး ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များ ကျေးရွာအုပ်စု ကျေးရွာများရှိ ကာကွယ်ဆေးထိုးနှံခွင့်ရှိသည့် မိဘပြည်သူများအားလုံးလည်း ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် ကာကွယ်ဆေးများ ထပ်မံရရှိလာမှု အပေါ်မူတည်ပြီး ထိုးနှံ နိုင်စေဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး