ထားဝယ် သြဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တအရိန္ဒမ၊ သက်တော် (၁၀၁) နှစ်၊ ဝါတော် (၈၁) ဝါရှိသည့် ဆရာတော်ဘုရားကြီးသည် ကိုဗစ်-၁၉ ရောဂါဖြင့် ဩဂုတ်လ (၂) ရက်နေ့တွင် ထားဝယ်မြို့တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရာ ဆေးရုံမှ တပ်မတော်ဆရာဝန်၊ ပါရဂူ၊ သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သောကြောင့် ဩဂုတ်လ ၁၉ ရက်နေ့တွင် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးအား ကိုဗစ်ရောဂါပျောက်ကင်းအောင် ဆေးကုသမှုဆောင်ရွက်ပေး ခဲ့ကြသည့် တပ်မတော်ဆရာဝန်၊ ပါရဂူများနှင့် အနီးကပ်ပြုစု စောင့်ရှောက်မှု ဆောင်ရွက် ပေးသည့် ဆရာတော်များနှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။
မေး။ ဆရာရဲ့အမည်နဲ့တာဝန်ကို မိတ်ဆက်ပြောကြားပေးပါဦး ဆရာ။
ဖြေ။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၂၅) တပ်မတော် စစ်ဆေးရုံမှ အထွေထွေရောဂါကု ဒေါက်တာ အောင်ကျော်စွာမြင့် ဖြစ်ပါတယ်။
မေး။ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ သံဃာတော် တွေနဲ့ အတူသက်တော်(၁၀၁)နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်ဘုရားကြီး သက်သာ ပျောက်ကင်း အောင် ဆေးကုသခဲ့မှု အခြေအနေလေးတွေကို ရှင်းလင်းပြောကြားပေးပါဆရာ။
ဖြေ။ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်မှာရှိတဲ့စာသင် စာချဆရာတော်တွေကို ကိုဗစ်ရောဂါပိုး စစ်တဲ့အခါမှာ သံဃာတော် ၂၅ ပါးရောဂါပိုးတွေ့ရှိခဲ့ပါ တယ်။ ဒါ့အပြင် သက်တော် ၁၀၁ ရှိပြီဖြစ်တဲ့ စာသင်တိုက်ရဲ့ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီးကို ကိုဗစ် သံသယလဏ္ခာတွေရှိလို့ စစ်ဆေးလိုက်တဲ့ အခါမှာလည်း ကိုဗစ်ရောဂါပိုး ရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆရာတော်ဘုရားကြီးရဲ့ တပည့်သံဃာတော်တွေကိုပဲ ပြောပြပြီး တပ်မတော်စစ်ဆေးရုံမှာ သြဂုတ် ၂ ရက်နေ့ကစပြီး ကုသပေးခဲ့ပါတယ်။ ဆေးကုသစဉ် အစပိုင်း ရက်တွေမှာ ဆွမ်းဘုန်းပေးတာ အနည်းငယ်ပျက်ခဲ့ပေမယ့် ဆရာတော်ဘုရားကြီးရဲ့ သီလတန်ခိုး၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် အောက်ဆီဂျင်ကျတာ၊ အသက်ရှု့ကြပ်တာ မဖြစ်ခဲ့ပါဘူး။ နေ့စဉ် မှန်မှန် လိုအပ်တဲ့ ဆေးဝါးတွေ့နဲ့ကုသပေးခဲ့လို့သြဂုတ်လ ၁၆ ရက်နေ့မှာရောဂါပျောက်ကင်းပြီး ၁၉ ရက်နေ့မှာတော့ဆေးရုံက ဆင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အခုတော့ စာသင်တိုက်မှာ ပြန်လည်သီတင်းသုံးနေပြီဖြစ်ပါတယ်။
မေး။ ဆရာရဲ့အမည်နဲ့တာဝန်ကိုမိတ်ဆက်ပြောပေးပါဦး ဆရာ။
ဖြေ။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၂၅) တပ်မတော် စစ်ဆေးရုံ မှရောဂါဗေဒ ပါရဂူ ဒေါက်တာ အောင်မျိုးသူ ဖြစ်ပါတယ်။
မေး။ ဆရာခင်ဗျား၊ဆရာတော်ဘုရားကြီး ကိုဗစ်ရောဂါ သက်သာပျောက်ကင်းအောင် ကုသပေးခဲ့မှုနဲ့ပတ်သက်ပြီး ဆရာရဲ့ အတွေ့ အကြုံ လေးကို ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ဆရာတော်ဘုရားကြီးကို သြဂုတ်လ ရက်နေ့မှာ ဒီဆေးရုံကို စတင်ပြောင်း ရွေ့ကုသပေးခဲ့ပါတယ်။ နေ့စဉ်လိုအပ်မည့် ဆွမ်းဝေယျာ ဝစ္စအားလုံးကို စနစ်တကျနဲ့ ကုသဆောင်ရွက်ခဲ့ပါတယ်။ တစ်ပတ်ခန့်အကြာမှာ ဆရာတော်ဘုရားကြီး ပြန်လည် သက်သာလာပြီး နေ့စဉ်လုပ်နေကျ လုပ်ငန်းတွေကို လုပ် ဆောင်လာနိုင်ပါတယ်။ နှစ်ပတ်လောက်အကြာ သြဂုတ်လ(၁၆)ရက်နေ့မှာတော့ ရောဂါပိုး မတွေ့ရှိရတော့ဘဲ ကျန်းမာ လာပြီဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ဘုရားကြီးရဲ့ ဆန္ဒအတိုင်း ကျောင်းမှာ ပြန်လည် သီတင်းသုံး ဆောင်နေ နိုင်ပြီဖြစ်ပါတယ်။ အံသြစရာကောင်းတာကတော့ ဆရာတော် ဘုရားကြီးက စိတ်ဓာတ်ကြံ့ခိုင်တယ်။ အောက်ဆီဂျင်လုံးဝ မကျခဲ့ဘူး။ ကျွန်တော်အနေနဲ့လည်း ခုလိုသက်ကြီးဝါကြီး ဆရာတော်ဘုရားကြီးကို ပျောက်ကင်းအောင် ဆေးကုသ ခွင့်ရရှိလို့ဝမ်းမြောက်မိ ပါတယ်။
ဆက်လက်ပြီး ဆရာတော်ဘုရားကြီးရဲ့အနားမှာ ပြုစုစောင့်ရှောက်ခဲ့တဲ့ ဇေယျဝတီကျောင်း တိုက်၊ စာချဆရာတော် ဘဒ္ဒန္တဝရဉာဏနှင့် ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ အရှင်ဘုရားအနေနဲ့ ဆရာတော်ဘုရားကြီးအား အနီးကပ်ပြုစုခဲ့မှု အခြေအနေလေးကို ရှင်းပြပေးစေ ချင်ပါတယ်။
ဖြေ။ ကိုဗစ်ရောဂါပိုးစစ်လို့ တွေ့တွေ့ချင်းပဲ ဝန်ကြီးချုပ်ရယ်၊ တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနက တာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုနဲ့ သြဂုတ်လ ၂ ရက် ည ၈ နာရီမှာ တပ်မတော် စစ်ဆေးရုံကိုပြောင်း ရွေ့ကုသပေးခဲ့ပါတယ်။ ရောဂါပျောက်ကင်း သက်သာလာပြီး စိတ်ချရ လောက်တဲ့ အချိန်မှာဆရာတော် ကြီးရဲ့ဆန္ဒအတိုင်း ကျောင်းတိုက်ကို ပြန်လည် သီတင်းသုံး ခွင့်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
မေး။ ခုကျောင်းတိုက်ရောက်တဲ့အချိန် ဆရာတော်ဘုရားကြီး ရဲ့ကျန်းမာရေးအခြေအနေ သိပါရစေဘုရား။
ဖြေ။ ခုအခြေအနေမှာတော ့ကျန်းမာရေးကောင်းမွန်လျက် ရှိပါတယ်။ သက်တော်ကြီး ပြီးဖြစ်လို့ လမ်းလျှောက်တဲ့အခါမှာ အနည်း အငယ်မောတာပဲ ရှိတယ်။ တပ်မတော် စစ်ဆေးရုံကလည်း မကြာမကြာ လာရောက်ပြီး ကျန်းမာရေး စစ်ဆေးပေးလျက် ရှိပါတယ်။
ဆက်လက်ပြီး ထားဝယ်မြို့၊ ဇေယျဝတီပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တပညာသီရိ (ထားဝယ် မြို့နယ် သံဃာ့နာယကအသင်းဥက္ကဋ္ဌ၊ ကူးတို့) အား တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ဆရာတော်ဘုရားကြီး ကိုဗစ်-၁၉ ရောဂါ ပြန်သက်သာလာပြီး ကျန်မာရေး ပြန်လည်ကောင်းမွန် လာမှုအပေါ် အရှင်ဘုရားရဲ့ ဝမ်းသာ ပီတီစကားလေးကို မိန့်ကြားပေး စေချင်ပါတယ်ဘုရား။
ဖြေ။ ဆရာတော်ဘုရားကြီးကိုဗစ်-၁၉ ရောဂါပိုး စတွေ့စဉ်ကတည်းက စပြီး နေ့စဉ်ဆေးကုသပေးခဲ့ကြလို့ ခုလိုပြန်လည်ကျန်းမာ လာတာဖြစ် လို့ ဝမ်းသာပါတယ်။ ကျောင်းတိုက်မှာ စာသင်နေတဲ့သံဃာ တော်တွေကိုစစ်ဆေးတဲ့အခါမှာ ၂၅ပါး ရောဂါပိုးတွေ့ တယ်။ အားလုံးကိုပြန်လည်ကျန်းမာအောင် ကုသပေးခဲ့တဲ့ ဆရာဝန်တွေ၊ သာသနာရေးဦးစီးဌာန က တာဝန်ရှိသူတွေနဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ က ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
မေး။ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ဇေယျဝတီပရိယတ္တိ စာသင်တိုက်အနေဖြင့် ကူးစက်မှု မပြန့်ပွားအောင် ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းမိန့် ကြားပေးစေချင်ပါတယ်။
ဖြေ။ စာသင်တိုက်မှာ ရောဂါပိုးစစ်ဆေးတွေ့ရှိချိန်မှာ စာသင်သားသံဃာတွေ၊ ကိုရင်တွေ၊ ဥူးဇင်းတွေကို ခွဲပြီးထားခဲ့ပါတယ်။ ၁၄ ရက်ကာလ အတွင်းမှာ တပ်မတော် စစ်ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးတွေ့နဲ့ ကုသမှုခံယူခဲ့ပါတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့ စာသင်သံဃာ တော်တွေကိုလည်း ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ထားဝယ်မြို့က ရှိတဲ့ လူမှုကူညီရေးအသင်းတွေ ကလည်းကူညီခဲ့ကြလို့ အားလုံးပဲအဆင်ပြေခဲ့ပါတယ်။ ဒါကြောင့်မို့ ဇေယျဝတီစာသင်တိုက်မှာ ရှိကြတဲ့ သံဃာတွေရဲ့ ကိုယ်စားကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။
ခုလိုမိန့်ကြားပေးတာကို ကျေးဇူးတင်ပါတယ်။
မြင့်နိုင်စိုး