မဟာအောင်မြေ ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွား နှင့် ဦးတည်အုပ်စု အလိုက် (Sinopharm) အမျိုးအစား ကာကွယ်ဆေး ပထမ အကြိမ်ထိုးပြီး(၂၈) ရက်ပြည့် ပြီးသူများကို ဒုတိယအကြိမ် ဖြစ် သော(Second Dose)များအဖြစ် ယနေ့နံနက်ပိုင်းက စုရပ်(၅)နေရာ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါကာကွယ်ဆေး(Sinopharm)ကို မဟာအောင်မြေမြို့နယ်အနေဖြင့် ဆေးထိုးစုရပ်(၅) နေရာဖြစ်သည့် အ-မ-က(၃)၊ အ−ထ−က(၂၄)၊ မြို့နယ်အားကစားကွင်း၊ စင်္ကြာနွယ်စင်ရပ်ကွက်ရှိ လက်ပံတန်းဓမ္မာရုံနှင့် ရတနာဘုမ္မိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနေရာများတွင် ကိုဗစ်−၁၉ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး(၁၈)ရပ်ကွက်မှ အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၂၆၇)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် အဖွဲ့ဝင်များတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)