သတင်းများ

အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက်လာရောက်ထိုးနှံကြသည့် အဘိုးအဘွားများနှင့် ပြည်သူများအား နှာခေါင်းစည်း Mask  များအခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်
Aug 31,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက် လာ ရောက်ထိုးနှံကြသည့် အသက် ၆၅ နှစ်နှင့်အထက်အဘိုးအဘွားများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမဖြစ်ပေါ်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နမှ ဝန်ထမ်းများက နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ကိုဆေးကြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများတွင် ရေဝင်ရောက်လျက်ရှိ
Aug 31,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့်မြစ်ကမ်း ဘေးအနီး ကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ ၊ ထူးကျေးရွာ ၊ ငါးခြောက်ကျွန်းကျေး ရွာနှင့် မြင်းခြံစုကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်း မြစ်ရေဝင် ရောက်မှုများ ရှိနေကြောင်းပွင့်ဖြူ မြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် ဘိုးဘွားများ၊ ဝန်ထမ်းများ နှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ ဒေါပုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းနှင့် အ.လ.က(၄) ကျောင်းတို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့   ပူးပေါင်း၍   ရွှေနဒီဦးခန်းမတွင်  ယမန်နေ့ နံနက် ၈ နာရီမှစ၍ အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား  ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ရေးမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှု‌ရေးပင်စင် ထောက်ပံ့ပေးအပ်
Aug 31,2021
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁,၁၂၇)ဦးအနက် (၉၂၂)ဦး ဆေးရုံဆင်းခွင့်ရရှိ
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာ ခံစားနေရသူများကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး တွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာ(၁,၁၂၇)‌ဦး အနက်မှ (၉၂၂)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး သေဆုံးသူ(၈၄)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ပဲခူးမြို့အတွင်း အထူးလျော့စျေးဖြင့် ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ကြက်သွန်နီနှင့် သားငါး ကုန်စိမ်းများအား စျေးကားဖြင့် လှည့်လည်ရောင်းချ
Aug 31,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ကုန် များကို ‌ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် အထူးလျော့ဈေးဖြင့် ယနေ့နံနက်ပိုင်းက မြို့အတွင်း စျေးကား (၅)စီးဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်  ကြံခင်းမြို့တွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ စာရေးများနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။