သတင်းများ

ပေါက်ခေါင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေး
Aug 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်‌ခေါင်း မြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံ၌ အဖွဲ့ (၂)ဖွဲ့ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်၌ အသက် ၆၅ နှစ်အထက် ဘိုး/ဘွားများနှင့် ဦးစားပေးအုပ်စုပြည်သူများအား      ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်စတင်ထိုးနှံပေး
Aug 31,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အသက် ၆၅ နှစ်အထက် ဘိုး/ဘွားများနှင့် ဦးစားပေး အုပ်စုပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရွှေအမ်း တောင်ခန်းမအပါအဝင် မြို့နယ်အတွင်း စုရပ်(၅)နေရာ သတ်မှတ်၍ ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေး
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်းရှိ မြို့မတိုက်နယ်၊ ဆကာကြီးတိုက်နယ်၊ ရေလဲတိုက်နယ်၊ စံကင်းတိုက်နယ်တို့တွင် ထိုးနှံပေးလျက်ရှိသည်။
တနင်္သာရီမြို့နယ်တွင်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက်အဘိုးဘွားများ၊ သာသနာ့အနွယ် ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ စသဖြင့်ဦးတည်အုပ်စု (၁၂)ခုတို့မှ (ပထမ)အကြိမ်၊ Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယ အကြိမ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ တနင်္သာရီ မြို့ပေါ်တွင် အမက-ချောင်းငယ်ကျောင်း ဆေးထိုးစုရပ်၊ အထက(ခွဲ)မောတောင်နှင့် ညောင်ပင်ကွင်း ကျေးလက် ကျန်းမာရေးဌာနတို့တွင် ဆေးထိုးစုရပ်(၃)ခုခွဲ၍ တစ်ပြိုင်တည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိ ရသည်။
ဇလွန်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး ခြင်းကို အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(မေရီလန်း) ၊ ကော့ကပ် SH ၊ ကျုံရှ SH တို့တွင် စုရပ်(၄)နေရာသတ်မှတ်၍ ယနေ့ နံနက်(၉)နာရီအချိန်ခန့်မှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဩဂုတ် ၃၀ ရက်က ဝမ်ယို့မိုင် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်(မှော်၀င်းချောင်း)အတွင်း ငါးသယံဇာတဖူလုံ စေရေးအတွက် ငါးအကောင်ရေ(၇၅၀၀၀၀)စိုက်ထည့်
Aug 31,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အမှတ်၁၁ရပ်ကွက် ဆိပ်ကမ်းသာလမ်း (မှော်၀င်းချောင်း)အတွင်း ယနေ့နံနက်၈နာရီခွဲ အချိန်က ငါးအကောင်ရေ (၇၅၀၀၀၀) အားငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းနိုင်ရေးကို ယနေ့နံနက်ပိုင်း (၉)နာရီအချိန် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ်