သတင်းများ

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မြို့အတွင်းသို့ လှည့်လည်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိ
Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့သွားရောက်၍ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း များဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံ လူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်နှင့်ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ပြည်သူများအား မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များ အသိပညာပေး နှိုးဆော်
Aug 31,2021
ဘားအံမြို့နယ်တွင်(၃၀-၈-၂၀၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၁၁၁၉)ဦးအထိ ရှိလာပြီးဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိ လိုက်နာရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၌ ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများ တတိယနေ့ဆက် လက်ထိုးနှံပေး
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများကို တတိယနေ့အဖြစ် ယနေ့ နံနက်(၉)နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူ ၂၇၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်(တတိယနေ့) ဆက်လက်ထိုးနှံပေး
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျော့ချရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် မြို့နယ်အတွင်း ဦးစားပေးအုပ်စု အလိုက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များအား
တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ ကွင်းဆင်းပြီး ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ် ထိန်းချုပ်ရေးအဖွဲ့ဝင်များ၊ ပူးပေါင်း အဖွဲ့က ရွေ့လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်-၁၉ရောဂါ စစ်ဆေး ခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေး RDT( Test Kits )ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 31,2021
ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်ရေး မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၂) ရပ်ကွက်ရာအိမ်မှူးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။