သတင်းများ

လွိုင်ကော်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  ဌာနဆိုင်ရာဝန်ထမ်းများနှင့်  မိဘပြည်သူများကို Tesk Kitဖြင့်  အခမဲ့စမ်းသပ်စစ်ဆေး
Aug 31,2021
လွိုင်ကော်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် သြဂုတ် (၂၇)ရက်မှ စတင်ပြီး လွိုင်ကော်မြို့သာသနာ့ဗိမာန်၊ပြည်နယ်ခန်းမ နှင့် COVID ကုသရေးစင်တာတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများကို Tesk Kit ဖြင့် အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေခြင်းကို စင်တာ (၃) နေရာ သတ်မှတ်၍ ယမန်နေ့ နံနက်(၈)နာရီမှ စတင်၍ ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက် ၊ လည်ပေါ်သာသနာ့ဗိမာန်တော် ၊ ရွာသစ်ရပ်ကွက် ၊ အ.ထ.က (၁) ကျောင်းခန်းမနှင့် သုံးဆယ့်ခြောက်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်းခန်းမတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မိုင်းရယ်မြို့နယ်၌  ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးရာ ၂၇၉ ဦးထိုးနှံနိုင်ခဲ့
Aug 31,2021
မိုင်းရယ်မြို့နယ်တွင် သတ်မှတ်လူဉီးရေ(၁၃)အုပ်စုမှ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသူများကို ဒုတိယအကြိမ် အဖြစ် ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ ထိုးနှံပေးခဲ့သည်။
လပွတ္တာမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ် ငန်းများတွင်ပူးပေါင်းဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့ နှင့် volunteer များအား ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ  ကိုဗစ် - ၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့နှင့် volunteer များအား ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
ဒဂုံမြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
Aug 31,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့ နံနက်(၉) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား (၂၈)ရက်ပြည့်ပြီးဖြစ်သည့်အတွက် ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား (Sinopharm) ကာကွယ်ဆေးများ ဒုတိယအကြိမ် Second Dose ထိုးနှံ ပေးလျက်ရှိ
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွား နှင့် ဦးတည်အုပ်စု အလိုက် (Sinopharm) အမျိုးအစား ကာကွယ်ဆေး ပထမ အကြိမ်ထိုးပြီး(၂၈) ရက်ပြည့် ပြီးသူများကို ဒုတိယအကြိမ် ဖြစ် သော(Second Dose)များအဖြစ် ယနေ့နံနက်ပိုင်းက စုရပ်(၅)နေရာ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရှိရသည်။ 
မိုင်းယောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 31,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ ဦးဆောင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒေသခံပြည်သူ ၃၁၄ အား အ.ထ.က (မိုင်းယောင်း)၊ အ.လ.က(တပ်တွင်း)၊ ဝမ်ပုံကျေးရွာနှင့် မြို့မရပ်ကွက် ဘုန်းကြီးကျောင်း စုရပ်များ၌ ဦးစားပေးအစီအစဉ် အုပ်စုများအလိုက် ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့တွင် ဆက်လက်ထိုးနှံပေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။