သတင်းများ

ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်  ဦးစာပေးအဆင့်အလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်တွင် တုန်ဟုန်းဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးနဲမြို့နယ်တွင် ဦးတည်ရာအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရမည့်သူများကို ဆက်လက် ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ  ၁နာရီအချိန်တွင် မြို့နယ် ကမ္ဘောဇခန်းမ၌ ဆက်လက် ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။
မြဝတီမြို့၌ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ စတင်ထိုးနှံပေး
Aug 31,2021
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင်လည်း သတ်မှတ် ထားသည့် ဦးစားပေးအုပ်စုများအား  ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က  စတင်ထိုးနှံပေးခဲ့ပြီး အဆိုပါ ထိုးနှံပေးခဲ့သည့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ယနေ့ စတင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး အုပ်စုအလိုက်ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးမည်
Aug 31,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအုပ်စု ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ စုရပ်(၅)ခုတွင် လူမျိုးဘာသာမရွေး ထိုးနှံပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိကြောင်း အမ်းမြိူ့နယ်တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်းကို သြဂုတ်လ၂ရက်နေ့မှ ၁၃ရက်နေ့ အထိ လူဦးရေ(၃၈၀၂)ဦးထိုးနှံပေးထားပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံရာ၌ ပထမအကြိမ် ထိုးနှံ၍၂၈ရက်ပြည့်ပြီးမှသာ ဘိုးဘွားများနှင့်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးအား လာရောက်ထိုးနှံနိုင်ရေး စီစဉ်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ကျော်မိုးထံမှ သိရသည်။
ဖောင်းပြင်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့ နှင့်စေတနာ့ဝန်ထမ်း(volunteer) များအား နေ့တွက်စရိတ်နှင့်ဆီဖိုးငွေများ ထောက်ပံ့ပေးအပ်
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့တွင် ကိုဗစ် - ၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့နှင့် စေတနာ့ဝန်ထမ်း (Volunteer) များအား နေ့တွက်စရိတ်နှင့်ဆီဖိုးငွေများ ထောက်ပံ့ပေး အပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
ပေါက်တောမြို့နယ် ကြိမ်နီပြင် IDPs စခန်းရှိခိုလုံနေသူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Aug 31,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ မညင်းကိုင်းကျေးရွာအုပ်စု ကြိမ်နီပြင် IDPs စခန်းတွင် ခိုလုံနေကြသောပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးရာ အသက်(၄၅)နှစ်အထက်နှင့်၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်များအား (Sinovac၊ Corona Vac)ကာကွယ်ဆေးကို ယနေ့နံနက် ၁၀ နာရီကထိုးနှံပေးခဲ့သည်။
လွိုင်ကော်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  ဌာနဆိုင်ရာဝန်ထမ်းများနှင့်  မိဘပြည်သူများကို Tesk Kitဖြင့်  အခမဲ့စမ်းသပ်စစ်ဆေး
Aug 31,2021
လွိုင်ကော်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် သြဂုတ် (၂၇)ရက်မှ စတင်ပြီး လွိုင်ကော်မြို့သာသနာ့ဗိမာန်၊ပြည်နယ်ခန်းမ နှင့် COVID ကုသရေးစင်တာတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများကို Tesk Kit ဖြင့် အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေခြင်းကို စင်တာ (၃) နေရာ သတ်မှတ်၍ ယမန်နေ့ နံနက်(၈)နာရီမှ စတင်၍ ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက် ၊ လည်ပေါ်သာသနာ့ဗိမာန်တော် ၊ ရွာသစ်ရပ်ကွက် ၊ အ.ထ.က (၁) ကျောင်းခန်းမနှင့် သုံးဆယ့်ခြောက်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်းခန်းမတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။