မိုင်းရယ် ဩဂုတ် ၃၁
မိုင်းရယ်မြို့နယ်တွင် သတ်မှတ်လူဉီးရေ(၁၃)အုပ်စုမှ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသူများကို ဒုတိယအကြိမ် အဖြစ် ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ ထိုးနှံပေးခဲ့သည်။
ဒုတိယအကြိမ် ကာကွယ်ဆေးများကို မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နမ့်ရယ်ခန်းမ၊ ဟိုတိကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၊ မန်စန့်ကျေးလက်ကျန်းမာရေးဌာန၊ ဟိုယ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ စက်ရုံဝန်ထမ်းများ၊ ဈေးရောင်းသူများ စုစုပေါင်း ၂၇၉ဦး ကို ထိုးနှံပေးနိုင်ခဲ့ပြီး ယမန်နေ့အထိ ဆေးထိုးနှံပြီးသူ ၃၃၅ဉီး ရှိပြီဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကမ်းမယ့်လက် ပရဟိတနှင့် လူမှုကူညီရေးအသင်းတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်