ရေနံချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ရေနံချောင်း ဩဂုတ်  ၃၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေခြင်းကို စင်တာ (၃) နေရာ သတ်မှတ်၍ ယမန်နေ့ နံနက်(၈)နာရီမှ စတင်၍ ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက် ၊ လည်ပေါ်သာသနာ့ဗိမာန်တော် ၊ ရွာသစ်ရပ်ကွက် ၊ အ.ထ.က (၁) ကျောင်းခန်းမနှင့် သုံးဆယ့်ခြောက်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်းခန်းမတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ပထမအကြိမ် အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသောအသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများကို ဦးစားပေး၍ အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများ၊ ၊အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး၀န်ထမ်းများ၊ စေတနာ့ဝန်ထမ်း /ပရဟိတ အသင်းဝင်များ ၊ ဘိုးဘွားရိပ်သာ မှ အဘိုးအဘွားများ၊ ဘုန်းတော်ကြီးကျောင်း ၊ သီလရှင်ကျောင်း ၊ ဘာသာရေးကျောင်းများ ရဟန်းရှင်လူများ၊ နိုင်ငံ့ဝန်ထမ်းများ ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံ ၊ အလုပ်ရုံ ဝန်ထမ်းများ ၊ ဟိုတယ် /မိုတယ်/ တည်းခိုခန်း မှဝန်ထမ်းများ၊ အကျဉ်းသား / အချုပ်သား များ ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း မှ အလုပ်သမားများ ၊ ရေနံချောင်းမြို့မ‌ဈေး မှ ဈေးသူဈေးသားများ နှင့် စားသောက်ဆိုင် /  လ္ဘက်ရည်ဆိုင်များ မှ ဝန်ထမ်းများ စုစုပေါင်း (၆၁၀၀) ဦးတို့ကို  ထိုးနှံပေးခဲ့နိုင်ကြောင်းသိရသည်။

ကိုဗစ်ကာကွယ်ဆေး(ပထမအကြိမ်း)ထိုးနှံပြီးသူ(၆၁၀၀)ဦးတို့အား ဒုတိယအကြိမ် အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ၊ မြို့နယ်ပြည်သူ့ဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာဆန်းထွန်းနှင့်အဖွဲ့၊ဌာနဆိုင်ရာများ၊ မြိုနယ်ရဲတပ်ဖွဲ့ ၊မြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိ သူများ၊မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊မြို့နယ်အတွင်းရှိ စေတနာ့လုပ်အားပေးအဖွဲ့ များမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ငြိမ်းငြိမ်းအိ (ပြန်/ဆက်)