လွိုင်ကော် သြဂုတ် ၃၁
လွိုင်ကော်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် သြဂုတ် (၂၇)ရက်မှ စတင်ပြီး လွိုင်ကော်မြို့သာသနာ့ဗိမာန်၊ပြည်နယ်ခန်းမ နှင့် COVID ကုသရေးစင်တာတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများကို Tesk Kit ဖြင့် အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘပြည်သူများ Tesk Kit ဖြင့် စစ်ဆေးခြင်းကို နေ့စဉ်သတ်မှတ်နေရာအသီးသီးတွင် နံနက် (၉) နာရီမှ မွန်းတည့် (၁၂)နာရီအထိ၊ မွန်းလွဲ (၁)နာရီမှ ညနေ (၄)နာရီအထိ စစ်ဆေးပေးလျက်ရှိသည်။
လာရောက်စစ်ဆေးသည့် ပြည်သူများကို အမှတ်စဉ်အလိုက် နာမည်စာရင်း ရေးသွင်းခြင်း၊ Tesk Kit ဖြင့် ဓာတ်ခွဲနမူနာ စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိရာ Positive လူနာတွေ့ရှိပါက ဆေးကုသမှုခံယူနိုင်ရန် ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိသည်။
လွိုင်ကော်( ပြန်/ဆက်)