လပွတ္တာ သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ကိုဗစ် - ၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့နှင့် volunteer များအား ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းက ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက် ခြေနီအသင်း၊ RESCUE လူမှုကူညီရေးအသင်း ၊ နှလုံးသားကျန်း မာရေးစောင့်ရှောက်မှုအဖွဲ့ ၊ ကုသိုလ်ဖြစ်နာရေးကူညီမှုအသင်း ၊ ကရု ဏာမျက်ဝန်းလူမှုကူညီရေးအသင်း ၊ မျိုးဆက်သစ်ပရဟိတ လူငယ် များ လူမှုကူညီရေးအသင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ PPE ဝတ်စုံ ၊ Surgical ၊ ခေါင်းစွပ် ၊ ခြေစွပ် ၊ Mask ၊ လက် အိတ် ၊ Apion ၊ လည်ရှည်ဖိနပ် တို့အား တစ်ဖွဲ့လျှင် (၂၀)စုံစီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့ပြင် ပိုးတွေ့လူနာများနှင့်လူနာစောင့်များ၊ ဆေးရုံဝန်ထမ်းများ အတွက် ထမင်းထုပ်(၇၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)