သတင်းများ

ဇလွန်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး ခြင်းကို အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(မေရီလန်း) ၊ ကော့ကပ် SH ၊ ကျုံရှ SH တို့တွင် စုရပ်(၄)နေရာသတ်မှတ်၍ ယနေ့ နံနက်(၉)နာရီအချိန်ခန့်မှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဩဂုတ် ၃၀ ရက်က ဝမ်ယို့မိုင် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်(မှော်၀င်းချောင်း)အတွင်း ငါးသယံဇာတဖူလုံ စေရေးအတွက် ငါးအကောင်ရေ(၇၅၀၀၀၀)စိုက်ထည့်
Aug 31,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အမှတ်၁၁ရပ်ကွက် ဆိပ်ကမ်းသာလမ်း (မှော်၀င်းချောင်း)အတွင်း ယနေ့နံနက်၈နာရီခွဲ အချိန်က ငါးအကောင်ရေ (၇၅၀၀၀၀) အားငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းနိုင်ရေးကို ယနေ့နံနက်ပိုင်း (၉)နာရီအချိန် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ်
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးခဲ့သူ ၅၄၇၀ ဦးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေး၊ ပထမ အကြိမ်ထိုးနှံပြီးစီးခဲ့သူ ၅၄၇၀ ဦးထဲမှ သတ်မှတ်ရက်အလိုက် ပြန်လည်ထိုးနှံကြမည့် ၅၅၆ ဦးအား ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်း မတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (ဒုတိယ) အကြိမ်အဖြစ် ဆေးထိုးစုရပ်(၃)ခုခွဲ၍ ထိုးနှံပေး
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အတွင်းအသက်(၆၅)နှစ်နှင့်အထက် အဘိုးဘွားများ၊ သာသနာ့ အနွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များစသဖြင့် ဦးတည်အုပ်စု(၁၂)ခုတို့မှ (ပထမ)အကြိမ်၊ Sinopharm ကိုဗစ် ရောဂါကာကွယ်ဆေးထိုး နှံပြီးသူများအား (ဒုတိယ)အကြိမ်၊ ဒုတိယနေ့ အဖြစ် ယမန်နေ့ နံနက် ၉နာရီအချိန်မှ ညနေ ၄နာရီ ၃၀ အချိန် အထိ အမက-ချောင်းငယ် ဆေးထိုးစုရပ်၊ အထက(ခွဲ) မောတောင်နှင့် အထက-ညောင်ပင်ကွင်းဆေးထိုးစုရပ်ဟူ၍ (၃)ခုခွဲ၍ တစ်ပြိုင်တည်းဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
သင်ပေါင်းကျေးရွာ မြေသားရေကန်တူးဖော်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာနေ ပြည်သူများသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်တော့မည်
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမှ ကျောက်ခွက်ကျေးရွာအုပ်စု၊ သင်ပေါင်းကျေးရွာတွင် ကျေးရွာ‌နေပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက်၊ မြေသားရေကန် တူးဖော်ဆောင်ရွက် ပေးလျှက်ရှိရာ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို၊ ယနေ့နံနက်(၉)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သင်ပေါင်းကျေးရွာ မြေသားရေကန်တူးဖော်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာနေ ပြည်သူများသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်တော့မည်
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမှ ကျောက်ခွက်ကျေးရွာအုပ်စု၊ သင်ပေါင်းကျေးရွာတွင် ကျေးရွာ‌နေပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက်၊ မြေသားရေကန် တူးဖော်ဆောင်ရွက် ပေးလျှက်ရှိရာ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို၊ ယနေ့နံနက်(၉)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။