တောင်တွင်းကြီးမြို့တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 29,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ် ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်သည့် တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပြည်သူများအား ၂၀၂၁ခုနှစ်၊ မေလ(၅)ရက်မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၃)ရက်အထိ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” လက်ကမ်းစာစောင်များကို တောင်တွင်းကြီးမြို့၊ မြို့လယ်လေးလမ်းဆုံတွင် သွားလာကြသည့် ပြည်သူများအား ယနေ့နံနက်(၈)နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။