သတင်းများ

ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharn) ဒုတိယအကြိမ်ထိုးနှံပေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharn) ပထမအကြိမ် ထိုးနှံပြီးသူများအား ယနေ့ နံနက် ၉နာရီအချိန်တွင် ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသည်။
မြောက်ဦးမြို့၌ ရဟန်းရှင် လူပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Aug 29,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမရှိ သတ်မှတ်စုရပ်နေရာတွင် လတ်တလော အသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီမှ ၁၂ ထိ လည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်ထိနှစ်ပိုင်းခွဲကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျှက် ရှိကြောင်းသိရသည်။
ထန်းတပင်မြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအားဒုတိယ အကြိမ်စတင်ထိုးနှံ
Aug 29,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကို ထိန်း ချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှာ ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် မြောက်အဖြစ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို သြဂုတ် လ(၂၉)ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ထန်းတပင်မြို့မ အားကစားကွင်းတွင် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ကျိုက်လတ်မြို့တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်ဒုတိယအကြိမ်ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အထက -၁ ၊ အထက -၃၊ ရုံးဒေါင့်ကျေးရွာစုရပ်(၃)နေရာခွဲ၍ ဒုတိယအကြိမ်အဖြစ်အသက်(၆၅)နှစ်အထက် အဘိုးအဖွားများအား ကိုဗစ်ကာကွယ်‌ဆေးများ ထိုးနှံပေး လျက်ရှိရာ ယနေ့ နံနက် ၉နာရီအချိန်မှစ၍ စုရပ်နေရာများတွင်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ငရုတ်ကောင်းမြို့(အထက)၌ ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်၍ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထိုးနှံပေးခြင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကျုံပျော်မြို့ ဒါးက ချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်းမျိုး စိုက်ထည့်
Aug 29,2021
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ်မြေးဆက် ငါးရိက္ခာ ဖူလုံစွာ စားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်းမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒါးကချောင်း၊ ခဲဘောင်ကူးတို့ ဆိပ်‌ရေပြင်၌ ကျင်းပ ပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် မှ သီတဂူ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)သို့ အလှူငွေကျပ် သိန်း(၂၀) လှူဒါန်း
Aug 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှ သီတဂူ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) သို့လှူဒါန်းသော အလှူငွေကျပ် သိန်း(၂၀)အား ဩဂုတ်(၂၉)ရက်နေ့ နံနက်(၁၀)နာရီ ခွဲ အချိန်ကသီတဂူ ဗုဒ္ဓတက္ကသိုလ် ဓမ္မာရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက် နှင့်အညီ လှူဒါန်းကြောင်း သိရသည်။
ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်း မျိုးစိုက်ထည့်
Aug 29,2021
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ်မြေးဆက် ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်း မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒါးကချောင်း၊ ခဲဘောင်ကူး တို့ဆိပ်‌ရေပြင်၌ ကျင်းပပြုလုပ်သည်။