သတင်းများ

တောင်ကုတ်မြို့ကုတင် (၁၀၀) ပြည်သူဆေးရုံသို့ အောက်ဆီဂျင်ထုတ်လုပ်မည့် စက်ရောက်ရှိ
Aug 29,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝင်း၌ ဩဂုတ် ၁၀ ရက် နေ့ပန္နက်တင်ကာ တန်ဘိုးငွေကျပ်သိန်း(၁၅၀)ကျော် အကုန်အကျခံ၍ မြို့မိမြို့ဖများက ဦးဆောင် ကာ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့် တိုင်အမြင့်(၁၃)ပေ အကျယ်(၂၆) ပေပတ်လည် အုတ်ခုံအမြင့် (၅)ပေ သံတိုင်သံဖရိန် အုပ်ညှပ်သွပ်မိုးဆောက်လုပ်လျက်ရှိသော အောက်ဆီဂျင် စက်ရုံမှာ ယနေ့ နံနက်က (၇၀%) ကျော်ပြီးစီးပြီဖြစ်ကြောင်းနှင့် ယနေ့ နေ့လယ်က နေလသစ္စာ ကားဖြင့် အောက်ဆီဂျင်ထုတ် စက်သစ်တစ်လုံးရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း မီးသတ်ဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း များအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပဆောင်ရွက်
Aug 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယ နံနက် ၁၀း၀၀ နာရီက ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အတွက် ကိုဗစ် -၁၉ ကာလအတွင်း မီးသတ်ဦးစီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်း ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် စတင်ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မိုင်းကိုင်မြို့နယ်၊ လွယ်ပူတောက်နေ အသက်ကြီးဘိုးဘွား အပါအဝင် ၃ ဦး အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိ
Aug 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌ အတည်ပြုလူနာများကို မြို့ပေါ်ရပ်ကွက်တွင်သာမက ကျေးရွာများ၌လည်း အတည်ပြုလူနာများ စစ်ဆေးတွေ့ရှိနေရပြီး ယနေ့မနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ လွယ်ပူတောက်တွင်နေထိုင်သော အသက်ကြီးဘိုးဘွားအပါအဝင် ၃ ဦးကို အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရေပြင်ရှာဖွေကူညီ ကယ်ဆယ် ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ် ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန် ဆောင်ရွက်နိုင်စေရန်အတွက် သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက် ၈ နာရီ အချိန်က မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဖိုးရှိုးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် စည်ပင်သာယာရေး ဝန်ထမ်းများအား ကာလဒါနအဖြစ် စေတနာရှင်တစ်ဦးမှ စားကုန်များ လှူဒါန်းပေး
Aug 29,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးဝန်ထမ်း(၁၆၀)ဦးအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ယနေ့ နေ့လယ်ပိုင်းက ကာလဒါနအဖြစ် ကုန်စိမ်းဒိုင် လုပ်ငန်းရှင်တစ်ဦးမှ ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးများ လာရောက် လှူဒါန်းပေးခဲ့သည်။
ရမည်းသင်းမြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေသော Volunteer (၇၅)ဦးအား ကျန်းမာရေး အထောက်အကူပြု ကာကွယ်ရေးပစ္စည်း(၁၂)မျိုး ထောက်ပံပေးအပ်
Aug 29,2021
ရမည်းသင်းမြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေသော Volunteer (၇၅)ဦးအားကျန်းမာရေးအထောက်အကူပြု ကာကွယ်ရေး ပစ္စည်း(၁၂)မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂နာရီက ရမည်းသင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ခင်ဦးမြို့နယ်၌ မိုးစပါးဧက (၆၀၀၀၀) ကျော်စိုက်ပျိုးပြီးစီး
Aug 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ဂွေးကုန်းစိုက်ပျိုးရေး နည်းပညာပေးစခန်း (KC) နယ်မြေရှိ တောင်သူ ဦးဝင်းမြင့်၏ ကွင်းအမှတ် (၂၂၉၆) ရှိ (၄) ဧကတွင် မိုးစပါး ပေါ်ဆန်းရင်မျိုးကို တစ်ဧက တင်း (၁၀၀) ထွက်ရှိရေးအတွက် ဩဂုတ်လ ၂၉ ရက်နေ့က မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများက ကြီးကြပ်၍ သိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးခဲ့သည်။