မြင်းမူ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းနားလမ်း ပြိုကျ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ကမ်းနားလမ်းပြိုကျမှုဖြစ်စဉ်မှာ ယမန်ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၊ ဧရာဝတီမြစ်ရေ မြင့်တက်နေချိန် ဖြစ်သည်နှင့်အညီ အောက်မြေသားများရေနှင့်အတူ ပါရှိခဲ့ပြီး အရှည်ပေ(၁၀၀)ခန့်နှင့် အကျယ်(၈)ပေ ဧရာဝတီမြစ်အတွင်းသို့ ပြိုကျခြင်းဖြစ်ကြောင့် ပြည်သူများ အန္တရာယ်မဖြစ်စေရေး ယင်းနေရာပတ်ဝန်းရှိ လမ်းအသွားအလာကိုလည်း ကန့်သတ် ထားရှိပြီး ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲကိုကိုထံမှ သိရှိရသည်။
ပြိုကျမှု ဆက်လက်ကာကွယ်နိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မျှောတိုင်များ ရိုက်ခြင်း ဝါးထံများ ကာခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့် သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များစုပေါင်းကာ သဲအိတ်များချခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ