ရေနံချောင်း ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ရေကြီးရေလျှံခြင်း များဖြစ်ပွားနေသည့်အတွက် ယမန်နေ့နေ့လည် ၂ နာရီခွဲအချိန်ခန့်က မကွေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးမောင်ထူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများသည် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေသော ကျေးရွာများသို့ သွားရောက်၍ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ရေကြီးရေလျှံခြင်းများ နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် မာန်မြေကျေးရွာအုပ်စု၊ ရွာသာကုန်း ကျေးရွာတွင် အိမ်ထောင်စု( ၄၁) စု၊ လူဦးရေ (၁၈၃) ဦး၊ နွားအကောင်ရေ (၁၂၆) ကောင်နှင့် ကျွဲအကောင်ရေ(၄၇)ကောင်တို့အား ရေဘေးလွတ်ရာ ပင်းဝကျေးရွာ အုပ်စု၊ ပင်စက္ကလ ံပဘုရားတန်ဆောင်များ သို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရှိရပြီး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြသောကျေးရွာသူ၊ ကျေးရွာသားများအား မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ထူးက အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက် ပေး၍ ခရိုင်စီမံအုပ်ချုပ်ရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် ရေနံချောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦစီးဌာနမှဦးစီးမှူး ဦးကျော်မျိုးတို့က ထောက်ပံ့ ပေးအပ် ငွေကျပ်(၃၈၄၃၀၀)သုံးသိန်းရှစ်သောင်းလေးထောင်သုံးရာကျပ်နှင့် ဆန်၊ ခေါက်ဆွဲခြောက် ထုပ်များ၊ ရေသန့်ဗူးများ လက်သန့်ဆေးရည်၊နှာခေါင်းစည်း Mask ၊(D3) အားဆေးများအား ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသားများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ