စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပေး

စစ်ကိုင်း ဩဂုတ် ၃၀

 

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ် မှုနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ကာ ဒုတိယခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသော်တာထက် ဦးဆောင် သော ကျန်းမာရေးဝန်ထမ်းများက အုပ်စုခွဲ၍ ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးစစ်ဆေးပေးရာတွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်အုပ်စု၊ ညောင်ပင်ဝန်းအုပ်စု၊ ခက်ခကျေးရွာ၊ တလိုင်းကျေးရွာ၊ ဝါးချက်ကျေးရွာများနှင့် စစ်ကိုင်းမြို့ဧရာဝတီမြစ်ကမ်းအနီး နေ အိမ်ထောင်စုများ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးရှောင်စခန်းများတွင် နေထိုင် ကြသည့် သောတာပန်ရပ်၊ ဒါးဝယ်ဈေးရပ်ကွက်ရှိ အိမ်ထောင်စုများကိုလည်း ကျန်းမာရေးစစ် ဆေးပေးရာ စုစုပေါင်း ရပ်ကွက်/ ကျေးရွာနေပြည်သူ(၅၅၇)ဦးတို့အား ကျန်းမာရေး စစ်ဆေးပေး ခဲ့ကြသည်။

ကျန်းမာရေး စစ်ဆေးပေးရာနေရာများသို့  စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင် အိမ်ထောင်စုများသို့ ထောက်ပံ့ငွေ၊ လူသုံးကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပေးခဲ့ကြပြီး စစ်ကိုင်း မြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ် ညှိနှုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်