ပင်လုံ ဩဂုတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယနေ့) ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်၁ ၀နာရီအချိန်မှ ညနေ ၂ နာရီအထိ ပင်လုံမြို့ အထက(၁)ကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာနေရာသို့ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံမှဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများရှိသူများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်သူများ၊ Super Market များဖွင့်လှစ်ရောင်းချသူများနှင့် ဈေးရောင်းချသူများက လာရောက်၍ ကာကွယ်ဆေးထိုးနှံကြကြောင်း၊ ယနေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ(၃၈၂)ဦးရှိ၍၊ (၃)ရက်အတွင်း (ဒုတိယအကြိမ်) ကာကွယ်ဆေး လာရောက်ထိုးနှံ စုစုပေါင်း(၅၁၆)ဦးရှိပြီး အဆိုပါကာကွယ် ဆေးထိုးနှံရာနေရာသို့ ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ပင်လုံမြို့ အဆင့်ဌာနဆိုင်ရာများ ဝန်ထမ်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက် အကူပြုကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးလောယုံနှင့် ဦးစိုင်းသန်းနိုင်မိုး၊ လွိုင်လင်မြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများလာရောက် ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ပင်လုံ (ပြန်/ဆက်)