ကျွန်းစုမြို့တွင် စားသောက်ကုန်များနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း

ကျွန်းစု ဩဂုတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပေါ်နေစဉ် ကာလအတွင်း တနင်္သာရီ ရေတပ်စခန်းဌာနချုပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ စုပေါင်း၍ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များက သံသရာအေးကျောင်း၊ သီရိမင်္ဂလာကျောင်း၊ အေးငြိမ်းသုခကျောင်း၊ ရွေပြည်ရတနာကျောင်း၊ ဖန်းခါးပင်ကုန်းတောရကျောင်းနှင့် မယ်သီလရှင်ကျောင်းများသို့ သွားရောက်၍ ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ ကြက်ဥ စသည်စားသောက်ကုန်များ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များနှင့်  အလှူငွေများကို ဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။