လေးမျက်နှာ ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်နှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီမှာ၁၁နာရီအချိန်ထိ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ အိုင်သပြုလမ်းဆုံ၌ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့ဝန်ထမ်းများက အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှုန်းနှင့် တစ်ပြည်လျှင်(၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်ဥ (၁၀)လုံး (၁၀၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း ရောင်းချပေးလျက်ရှိပြီး အာဟာရပြည့်ဝ၍ ပြင်ပ ပေါက်ဈေး ထက်သက်သာသော စျေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)