ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ညောင်ဦး  ဩဂုတ်  ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဒုတိယ အကြိမ်ထိုးနှံခြင်းအား ယနေ့ နံနက် ၈နာရီအချိန်မှစတင်ကာ အသက် ၆၅နှစ် သက်ကြီး ဘိုးဘွားများအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အနော်ရထာခန်းမ တွင် သတ်မှတ်စုရပ် (၇)နေရာတွင် ထိုးနှံပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

ညောင်ဦးမြို့နယ်တွင် အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့ခြင်းကို ဇူလိုင် ၃၁ရက်နေ့က ပထမအကြိမ်ထိုးနှံပေးခဲ့ရာ ဒုတိယ အကြိမ်ထိုးနှံခြင်းအား ယနေ့ ဦးရေ ၆၀၀ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဇူလိုင် ၃၁ ရက်နေ့က ၄၈၀၀ ဦးထိုးနှံပေးပြီဖြစ်ကာ ယနေ့တွင်ဒုတိယအကြိမ် Sinopham ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးရသေးသူများကိုလည်းကာကွယ်ဆေးရရှိတဲ့အပေါ်မူတည်ပြီးထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ကာကွယ်ဆေးဟာလက်ရှိဖြစ်ပွားနေတဲ့ ရောဂါအတွက် အကာအကွယ်ဖြစ်တဲ့အတွက် ကာကွယ်ဆေးမထိုးကြတဲ့ အသက် ၆၅နှစ်အထက် သက်ကြီးအဘိုး အဘွားတွေ အသေပျောက်များနေတာကို မြန်မာ့ရုပ်မြင်သံကြား၊ သတင်း စာ၊ရေဒီယိုတွေနားထောင်ရင် သိရှိကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကပြည်သူတွေကို ကာကွယ် ဆေးထိုးနှံပေးနေချိန် အားလုံးပူးပေါင်းထိုးနှံပေးဖို့လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် စီးပွားရေး၊လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေးစသည်တို့ကို အလျှင်အမြန်ပြန်လည်ဖွံ့ဖြိုး လာမည်ဖြစ်သည့်တွက် ကာကွယ်ဆေးထိုးကြဖို့တိုက်တွန်းလို ကြောင်း ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ပြောသည်။

ကာကွယ်ဆေးလာရောက်ထိုးနှံသည့် သက်ကြီးဘိုးဘွားများအား သွေးတွင်း အောက်ဆီဂျင်စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆေးထိုးရန်ကူညီခြင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဝင်များ၊ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များကကူညီပေးနေကြောင်း၊ ဆေးထိုးလာသည့် သက်ကြီးဘိုး ဘွားများကိုလည်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်တာဝန်ရှိ သူများက အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD