သတင်းများ

သန်လျင်၌ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး  Sinopharm အားထိုးနှံပေးခြင်းဆောင်ရွက်ပြီးစီး
Aug 30,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး Sinopharm ကို သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော် ကြီးတွင် သြဂုတ် ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ လူဦးရေစုစုပေါင်း ၁၀၂၉၀ ဦးတို့အား ထိုးနှံပေး နိုင်ခဲ့ကြောင်း ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 30,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်ကုန်ထုတ် လုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ဟွာလ်ဇိက်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးမည်
Aug 30,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၁ ရက်နေ့ နံနက်၉ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ စုရပ်(၅)ခုတွင် လူမျိုးဘာသာမရွေး ထိုးနှံပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံထံမှ သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် Test Kit ဖြင့် ရောဂါစစ်ဆေးပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကျေးရွာများအရောက် ကွင်းဆင်းရှာဖွေ စစ်ဆေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 30,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင်လ ၂၉ ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက် ၉နာရီက ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆေးထိုးစုရပ် (၅)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယနေ့) ဆေးထိုးနှံခြင်းကို  ယမန်နေ့ နံနက်၁ ၀နာရီအချိန်မှ ညနေ ၂ နာရီအထိ  ပင်လုံမြို့ အထက(၁)ကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနှင့် ပင်းတလဲကျေးရွာချင်း ဆက်လမ်းပေါ်ရှိ သင်ပုန်းချောင်းကူးတံတား တည်ဆောက် လျက်ရှိ
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနှင့် ပင်းတလဲကျေးရွာချင်း ဆက်လမ်းပေါ်ရှိ သင်ပုန်းချောင်းကူးတံတား တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွားသည့် ကျေးရွာများသို့ ထောက်ပံ့ငွေများပေးအပ်
Aug 30,2021
 မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ရေကြီးရေလျှံခြင်း များဖြစ်ပွားနေသည့်အတွက်    ယမန်နေ့နေ့လည် ၂ နာရီခွဲအချိန်ခန့်က မကွေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးမောင်ထူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများသည် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေသော ကျေးရွာများသို့ သွားရောက်၍ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။