သတင်းများ

တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာချီလိတ်မြို့ စံလင်းဖြိုး ကုမ္ပဏီမှလှူဒါန်းသည့် လူ(၂၀၀) ဦးခန့်ထားရှိနိုင်မည့် Quarantine Center သို့ သွားရောက် ကြည့်ရှု့
Aug 30,2021
တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့ စံလင်းဖြိုး ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ဉီး ခန့်ထားရှိနိုင်မည့် Quarantine Center ကို ယမန်နေ့က သွား ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်လမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် သစ်ပင်ကြီးနှစ်ပင် လဲပြိုခြင်း၊ ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများ မြို့ပေါ် လမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ ၊ သီလရှင်ကျောင်းများသို့ အလှူတော်ငွေများပေးအပ်လှူဒါန်း
Aug 30,2021
  ကယားပြည်နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ၊ ဆွမ်းဟင်းလျာများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော်ရုံးတို့မှ အလှူတော်ငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုတ်တွင်းမြိုနယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် အောက်ဆီဂျင်အိုးများနှင့် Flow Meter များ ထောက်ပံ့လှူဒါန်း
Aug 30,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် လီတာ၄၀ဆံ့ အောက်ဆီဂျင်အိုး (၁၉) လုံးနှင့် Flow Meter (၂၉ )ခုကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့၌ အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်၍ ထိုးနှံပေးခဲ့ပြီး လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် Social distaning နှင့်အညီ မြို့နယ်စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ထိုးနှံပေးရာ၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏာတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်သည်။
မေတ္တာမြို့ဟိန္ဒါးကျေးရွာတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိ
Aug 30,2021
 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ဟိန္ဒါးကျေးရွာ၊ ကျေးလက်ကျန်းမာရေး   ဆေးခန်းတွင် နေမကောင်းဖြစ်၍ ဆေးခန်းလာပြသောလူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ဩဂုတ်လ(၅)ရက်နေ့မှစတင်၍ အဆိုပါ ဆေးခန်းတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Aug 30,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူ ၄၁၂ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က (မိုင်းယောင်း)၊ အ.လ.က(တပ်တွင်း)၊ ဝမ်ပုံကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြို့မရပ်ကွက် ဘုန်းကြီးကျောင်း စုရပ်များ၌ ယမန်နေ့နံနက်ပိုင်းမှစ၍ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
လွိုင်လင်မြို့၌ ရဲတပ်ဖွဲ့ဝင်( အိမ်ထောင်သည်) များအားစားရိက္ခာများထောက်ပံ့
Aug 30,2021
ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့ရှိ ခရိုင်/ မြို့နယ် အိမ်ထောင်သည်ရဲတပ်ဖွဲ့ဝင်မိသားစုများအား စားရိက္ခာထောက်ပံ့ခြင်းကို ယနေ့နံနက် (၇) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ (၁) တွင်ပြုလုပ်ကြောင်းသိရသည်။