မြဝတီမြို့၌ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ စတင်ထိုးနှံပေး
Aug 31,2021
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင်လည်း သတ်မှတ် ထားသည့် ဦးစားပေးအုပ်စုများအား ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီး အဆိုပါ ထိုးနှံပေးခဲ့သည့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ယနေ့ စတင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။