မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဘုရားပြိုကျေးရွာမှ နှမ်းစိုက်ဧက(၁၀၀) ရိတ်သိမ်းဆောင်ရွက်နေမှုနှင့် အသစ်ထပ်မံ ရောက်ရှိလာသည့် Oxygen Plant အား ကြည့်ရှုစစ်ဆေး
Aug 30,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက မကွေး လေတပ်စခန်းဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးကျော်ကျော်ဟန်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော် ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရ သွင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ ခရိုင် မြို့နယ် အုပ်ချုပ် ရေးမှူးများနှင့်အတူ မကွေးမြို့နယ် ဘုရားပြိုကျေးရွာမှ တောင်သူဦးဘိုအောင်၏ နှမ်းစိုက်ဧက(၁၀၀) ရိတ်သိမ်းဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေးကာ၊ နှမ်းရိတ်သိမ်း ဆောင်ရွက်နေသည့် ကျေးရွာသူ၊ ကျေးရွာသားများအား တွေဆုံ၍ အားပေးစကားပြောကာ ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစီး Mask များ တပ်ဆင် ဝေငှပေးခဲ့သည်။