အုတ်တွင်း သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် လီတာ၄၀ဆံ့ အောက်ဆီဂျင်အိုး (၁၉) လုံးနှင့် Flow Meter (၂၉ )ခုကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များက အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် အောက်ဆီဂျင်အိုးများနှင့် Flow Metre များ ပေးအပ်လှူဒါန်းရာ ကျွဲပွဲတိုက်နယ် ဆေးရုံ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဇော်ဖြိုးပိုင်က လက်ခံရယူသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ပြည်သူ့ဆေးရုံများရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆေးရုံများအတွင်း လိုအပ်သည့် အောက်ဆီဂျင်များ အချိန်မီရရှိနိုင်ရေးနှင့် ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေမှုများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ