တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာချီလိတ်မြို့ စံလင်းဖြိုး ကုမ္ပဏီမှလှူဒါန်းသည့် လူ(၂၀၀) ဦးခန့်ထားရှိနိုင်မည့် Quarantine Center သို့ သွားရောက် ကြည့်ရှု့

တာချီလိတ် သြဂုတ် ၃၀

တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့ စံလင်းဖြိုး ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ဉီး ခန့်ထားရှိနိုင်မည့် Quarantine Center ကို ယမန်နေ့က သွား ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ Quarantine Centerကို ခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ဆောက်လုပ်လှူဒါန်းပေးခဲ့ရာ ယခုအချိန်၌ ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ကိုဗစ်-၁၉ အတည်ပြု လူနာများကို ထားရှိနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း စံလင်းဖြိုးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

စံလင်းဖြိုး Quarantine Center တွင် အတည်ပြုလူနာများအတွက် ကုတင်၊ စောင်၊ မွေ့ရာအခင်း၊ ခေါင်းအုံး၊ ခြင်ထောင်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်း သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ ရေခွက်များကို လူတစ်ဦးချင်းဆီအတွက် ပြင်ဆင်ပေးထားရှိကြောင်း သိရသည်။

တိုင်းမှူးနှင့်တာဝန်ရှိသူများသည် Quarantine Center အဆောက်အဦးနှင့် အတည်ပြုလူနာများအတွက် ပြင်ဆင်ထားရှိသည်များကို ကြည့်ရှုစစ်ဆေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။