ညောင်ဦး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယနေ့နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၁၃ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိ ရန် ၇ စင်တီမီတာ(၂)လက်မခန့်သာ လိုတော့ခြင်းကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရ သည်။
ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၃၁ရက်၊ ညနေ ၆ နာရီခွဲတိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၁၃ စင်တီမီတာရှိနေကာစိုးရိမ်ရေမှတ်ရောက်ရှိရန်(၇)စင်တီမီတာလိုသေးကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပြီး ယနေ့နံနက် ၆နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် စိုးရိမ်ရေမှတ်ရောက်ရှိရန် တဖြည်းဖြည်းနီးလာပြီး ၇ စင်တီမီတာ (နှစ်လက်မခန့်) သာလိုတော့ကာ မြစ်ရေတိုင်းတာသည့် ဩဂုတ် ၃၁ရက်၊ ညနေ ၆နာရီခွဲတိုင်းတာခြင်းနှင့် စက်တင်ဘာ ၁ရက် နံနက် ၆နာရီခွဲတိုင်းတာချက်များအရ ဧရာဝတီမြစ်ရေသည် ၂၁၁၃စ်တီမီတာတွင်ရပ်တန့်နေကြောင်းသိရသည်။
မြစ်ကမ်းဘေးနေ မိဘပြည်သူများရေဘေးအသိသတိရှိစေရန် ညောင်ဦးမြို့ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ မြစ်ရေကျမှုအခြေအနေများအား နေ့စဉ် သတင်းထုတ်ပြန်ပေးနေကြောင်း၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနတို့မှမြစ်ကမ်းဘေးနေပြည်သူများအား Speed Boat နှင့်လှည့်လည်၍ မြစ်ရေကြီးမှု အခြေအနေအား Hand Speaker ဖြင့်လိုက်လံ ဆော်ဩနေ ကြောင်းလည်း ညောင်ဦးမြို့နယ်မီးသတ်ဦးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြားသည်။ ညောင်ဦးမြို့နယ်တွင် မြစ်ရေတိုင်းတာ ခြင်းများအား တစ်နေ့သုံးကြိမ်တိုင်းတာပြီး စိုးရိမ်ရေမှတ်ရောက်ရှိပါက တစ်နာရီတစ်ကြိမ် တိုင်းတာသွား မည်ဖြစ်ကြောင်းလည်းသိရသည်။
ကိုထိန်၊KPD