မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

မင်းလှ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် စာရေးဝန်ထမ်းများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂  နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကိစ္စရပ်များ၊ ကျေးလက်မြို့ပြလမ်း၊ တံတားနှင့် တည်ဆောက်ရေးကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့်ကိစ္စရပ်များ လုံခြုံရေးကိစ္စရပ်များကို ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ၊ လယ်ယာမြေ ကိစ္စရပ်များဆိုင်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့် စာရေးဝန်ထမ်းများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)